Réal Slim Shake ဆိုတာဘာလဲ ?
Réal Slim Shake ဆိုတာ အစာ အစားထိုး Formula ဖျော်ရည်ပါ။ Réal Slim Shake က
- နည်းဗျူဟာ ကျကျ ကိုယ်အလေးချိန် လျော့ချပေးပါတယ်။
- ဆာလောင်မှုကိုပြေပျောက်စေပါတယ်။
- အနံ့ အရသာနဲ့လည်း ပြည့်စုံပါတယ်။
- သင့်အတွက် လိုအပ်တဲ့ အဟာရ မှန်သမျှ မျိုးစုံ ပါဝင်ပါတယ်။
- ကိုယ်ကာယ ကြံ့ခိုင်မှု သန်မာမှု အချိုးကျ ပြေပြစ်လှပမှုကို ဖြစ်စေပါတယ်။
- အဆီကင်းတဲ့ ကြွက်သားကို တည်ဆောက်ပေးပါတယ်။
ကိုယ်အလေးချိန်အဆီချပေးတဲ့ Réal Slim Shake က အခြားအဆီချဆေးတွေလို ဆေး မဟုတ်တဲ့အတွက် ဆိုးကျိုးလုံးဝမရှိဘဲ လူကို သွက်လက်ပေါ့ပါးစေလို့ သွားလာလှုပ်ရှားရတာ နေရထိုင်ရတာ အဆင်ပြေနေကောင်း စေပါတယ်။ Réal Slim Shake မှာ လူတို့အတွက်လိုအပ်တဲ့ အဟာရဓါတ်မှန်သမျှအပိုလိုမရှိပါဝင်ပါတယ်။

ကိုယ်အလေးချိန်ထိန်းညှိဖို့လက်တွေ့ကျတဲ့ Réal Slim Shake
Réal Slim Shake မှာ ကိုယ်ခန္ဓာအတွင်း လောင်ကျွမ်းနေတဲ့ ကယ်လိုရီတွေအတွက် စွမ်းအင်လောင်စာ နဲ့ အခြားလိုအပ်တဲ့ အဟာရဓါတ် မှန်သမျှ ပါဝင်ပါတယ်။ ကယ်လိုရီနည်းပြီး ပရိုတိန်းများလို့ သင့်ရဲ့ ပိုနေတဲ့ အဆီတွေကို လောင်ကျွမ်းစေပြီး အကောင်းဆုံး ကိုယ်ကာယ အချိုးအစားကို ရရှိစေနိုင်ပါလိမ့်မယ်။ သူ့မှာ အဆင့်မြင့် Whey ပရိုတိန်း၊ ဗီတာမင်၊ သတ္တုဓါတ်၊ အမျှင်ဓါတ်နဲ့ ကာဘိုဟိုက်ဒြိတ်တို့ ပါဝင်ပြီး အကောင်းဆုံး အရသာရရှိအောင် ဖေါ်စပ်ထားပါတယ်။ သမရိုးကျ ကိုယ်အလေးချိန်ချတဲ့ အစာတွေထက် သိပ္ပံနည်းပညာအရ လိုအပ်ချက်အတိုင်း အတိအကျ တွက်ချက်ဖေါ်စပ်ထားတဲ့ Réal Slim Shake က ကိုယ်အလေး ချိန်ချဖို့ ပိုထိရောက်ပါတယ်။ သူက ဆာလောင်မှုကို ပြေပျောက်နိုင်စွမ်း လည်းပေးပါတယ်။
Réal Slim Shake သောက်ပြီးရင် သင့်ကိုတင်းတိမ်စေလို့ အခြားအစားစာများ ထပ်စားချင်စိတ်ကိုလည်း မဖြစ်ပေါ်စေပါဘူး။ Réal Slim Shake ဟာ ကိုယ်အလေးချိန်ထိန်းညှိဖို့ လက်တွေ့ကျတဲ့ ပစ္စည်းတခုပါ။

ကိုယ်အလေးချိန်ထိန်းညှိမှု
လူတစ်ယောက်ဟာသူရဲ့ ကိုယ်အလေးချိန်နဲ့ အရပ် အချိုး BMI ၂၅ ကိုကျော်လွန်သွားရင် အိပ်ပျော် နေစဉ် အသက်ရှူမမှန်ခြင်း၊ အဆုတ်ရောဂါ၊ အသဲ ရောဂါ၊ သည်းခြေကျောက်တည်ရောဂါ၊ လေဖြတ် လေငန်း ရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ပန်ကရိယ ရောင်ရောဂါ၊ အဆစ်ရောင်ရောဂါ၊ ယူရစ်အက်ဆစ် များသော ဂေါက်ရောဂါ၊ ကင်ဆာရောဂါများ ဖြစ်နိုင်ချေ ပိုများလာပါတယ်။ ၂၀၁၀ ခုနှစ်မှာ အဝလွန်ခြင်းနဲ့ ဆက်စပ် ရောဂါများကြောင့် လူ ၃ ဒသမ ၄သန်း သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန် ကြေငြာ ခဲ့ပါတယ်။ ဒီထုတ်ပြန်မှုမှာဘဲ လူတို့ဟာ အဝလွန်ခြင်းကို မထိန်း ချုပ်နိုင်ဘူးဆိုရင် သက်တမ်းစေ့နေရမှာ မဟုတ်ဘူး လို့ဆိုပါတယ်။
ကျန်းမာရေးလိုက်စားလိုသူတစ်ယောက်အနေနဲ့ မနက် မိုးလင်းလို့ အိပ်ယာထတာနဲ့ ဒီနေ့တော့ ကျန်းမာ အောင် ကိုယ်အလေးချိန်မတက်အောင် ဆင်ခြင် စားသောက်မယ်လို့စဉ်းစားမိတဲ့အခါရှိမှာပါ။ ဒါပေမဲ့ တစ်နေ့လုံး ရုန်းကန် လှုပ်ရှားရင်း အလျင်းသင့်သလို အဆင်ပြေရာတွေကို စားမိတာပါဘဲ။ တစ်နေ့တာ အတွက်လိုအပ်တဲ့ ကယ်လိုရီအတိုင်း ထိန်းညှိ စားသောက်ဖို့ဆိုတာ လက်တွေ့မှာ မလွယ် ကူလှပါဘူး။ မိမိတို့ ခံတွင်းတွေ့ အရသာရှိတဲ့ အစာ တွေကို စားမလား ဆရာဝန် အဟာရပညာရှင် ကာယ နည်းပြတွေညွှန်ကြားတဲ့အတိုင်း အရသာရှိရှိ မရှိရှိ ကြိတ်မှိတ်ပြီး မျိုချလိုက်ရမလား ဆိုတာ ဆုံးဖြတ်လို့ မရနိုင်ပါဘူး။ ခုတော့ ဒါတွေအားလုံး တွေဝေ နေစရာ မလိုတော့ပါဘူး။ နောက်ဆုံးပေါ် Formula Shake များနှင့် သင့်ပုံမှန် ထမင်း တစ်နပ်(သို့) နှစ်နပ်ကို အစားထိုးပြီး ကိုယ်အလေးချိန်ချလိုက်ပါ။
Réal Slim Shake က အဆင်ပြေ သောက်သုံး ရတာလည်း လွယ်ကူပါတယ်။ သူက သင့်ရဲ့ ပိုနေတဲ့ အဆီတွေကို ဖယ်ရှားပြီး အချိုးကျ သွယ်လျ ကျစ်လစ်တဲ့ ကိုယ်ကာယကို ရရှိစေပါလိမ့်မယ်။ ကျန်းမာတဲ့ နေထိုင်မှု ဘဝကို မရယူနိုင်ရင် ခန္ဓာကိုယ်ကြီးက တဖြေးဖြေး ယိုယွင်း ပျက်စီး လာပါလိမ့်မယ်။ ဒါ့အပြင် သင့်ရဲ့ လူမှုဘဝ၊ လူမှုရေး၊ စီးပွားရေး၊ ပေါင်းသင်း ဆက်ဆံရေးတွေပါ ထိခိုက် လာနိုင်ပါတယ်။
