Réal Slim Shake
Réal Slim Shake ဟာအရသာရှိ သုံးရလွယ်ကူပြီး ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာမှာ သောက်သုံးနိုင်ပါတယ်။ သင့်ရဲ့ ညစာနဲ့ နေ့လည်စာ (သို့) မနက်စာ ကို အစားထိုး သောက်သုံးနိုင်ပါတယ်။ ကိုယ်ခန္ဓာကိုလည်း တက်ကြွစွာ သွားလာ လှုပ်ရှားမှုပြုပါ။
Réal Slim Shake တစ်ခွက် ဖျော်စပ်ပုံ
ရေ ၂၀၀ စီစီ (တစ်ဖန်ခွက်ခန့်) နဲ့ Réal Slim အမှုန့် (55g)ကို သေချာစွာသမအောင် Réal Slim Shaker ဗူးနှင့် Shake လုပ်ပြီး (သို့) ဖျော်စက်နဲ့ ဖျော်ပြီး သောက်သုံးနိုင်ပါတယ်။ မိမိနှစ်သက်ရာ သဘာဝအသီးနှံနှင့် ရေခဲတုံးလေးများ တွဲဖက်၍လည်း အရသာရှိရှိ ဖျော်စပ်သုံးဆောင် နိုင်ပါတယ်။
1. နည်းဗျူဟာ ကျကျ ကိုယ်အလေးချိန်လျော့ချစေခြင်း
ကိုယ်အလေးချိန်လျော့ချခြင်း သီအိုရီအရ လူတစ်ယောက်ဟာ ကိုယ်အတွင်းလောင်ကျွမ်းလိုက်တဲ့လိုအပ်တဲ့ကယ်လိုရီဟာ စားလိုက်တဲ့ကယ်လိုရီထက်ပိုများမယ်ဆိုရင် ထိုလိုအပ်နေတဲ့ကယ်လိုရီအတွက် သိုလှောင်ထားတဲ့အဆီအပိုတွေကို လောင်ကျွမ်း အသုံးပြုရမှာ ဖြစ်ပါတယ်။ စားတာက ပိုများရင်တော့ များသွားတဲ့ကယ်လိုရီတွေကို အဆီအဖြစ် သိုလှောင်သိမ်းဆည်းထားမှာပါ။
Réal Slim Shake က ကိုယ်ခန္ဓာအတွက်လိုအပ်သလောက် အနည်းဆုံးကယ်လိုရီဖြစ်အောင် ဖြည့်စည်းပေးပါတယ်။ ဒီလိုကယ်လိုရီပံ့ပိုးမှုကို လျော့ချထားပေမဲ့သင့်ကို ဆာလောင်မှုတော့ ဖြစ်စေမှာမဟုတ်ပါဘူး။ လိုအပ်တဲ့ ကယ်လိုရီအတွက်ကိုယ်တွင်းကပိုလျှံနေတဲ့အဆီတွေကိုလောင်ကျွမ်းပြီးသွယ်လျကျစ်လစ်မှုကိုပေးပါတယ်။ဒါပေမဲ့ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့အခြားအဟာရဓါတ်တွေကို လျော့ချမယ်ဆိုရင်တော့ ကျန်းမာရေးကိုထိခိုက်မှာပါ။ ဒီအတွက် Réal Slim Shake မှာ အခြားလိုအပ်တဲ့ အာဟာရဓါတ်တွေအပြည့်ဖြည့်တည်းထားပါတယ်။ ထို့အပြင် နောက်ထပ်တစ်နပ်စာ စားတဲ့အချိန် မရောက်မှီထိ ကစီဓါတ်ကို ဆာလောင်ခြင်းကိုလည်း မဖြစ်စေပါဘူး။
Réal Slim Shake တခွက်မှာ ကယ်လိုရီ ၂၀၄ မှ ၂၀၈အတွင်း အရသာ အမျိုးစားပေါ် မူတည်ပြီးပါဝင်ပါတယ်။ ကျန်းမာသွယ်လျကျစ်လစ် အဆီကင်းတဲ့ ကိုယ်အလေးချိန် ချလိုတဲ့ အမျိုးသား အမျိုးသမီးတိုင်း အတွက် Réal Slim Shake က အဖြေပါ။ တစ်နေ့မှာ သင့်စိတ်ကြိုက်မျှတတဲ့အစာ တစ်နပ်စာ စားပြီး ကျန် ၁နပ် သို့မဟုတ် ၂နပ် ကို Réal Slim Shake နဲ့ အစားထိုးခြင်းက သင့်အတွက်အကောင်းဆုံး အခြေအနေကို ရရှိစေမှာပါ။ အဆီတက်တယ်ဆိုတာ ကယ်လိုရီတွေ ပိုစားနေလို့ပါ။ ဒီလိုသာ ပိုစားနေမယ်ဆိုရင် သင့်ရဲ့ကိုယ်ခန္ဓာ ခါး ဗိုက် အရွယ်အစားတွေ မသိမသာနဲ့ဘဲ တဖြေးဖြေး ကြီးလာကာ နောက်ဆုံးမှာ သင့်ရဲ့ကျန်းမာရေးကိုလည်း ထိခိုက်လာမှာ အမှန်ပဲဖြစ်ပါတယ်။ သာမန်လူတစ်ယောက်ရဲ့ ပျမ်းမျှ ကယ်လိုရီလိုအပ်မှုဟာ တစ်နေ့ကို ၂၀၀၀ ကယ်လိုရီ ဝန်းကျင်ရှိပါတယ်။
Réal Slim Shake တခွက်မှာ ၂၀၄ ကယ်လိုရီ သာပါ ပါတယ်။ တနေ့ကို သင့်စိတ်ကြိုက် ၁ နပ်စားပြီး ကျန် ၂ နပ်ကို Réal Slim Shake နဲ့ အစားထိုးမယ်ဆို တနေ့ကို ကယ်လိုရီ တစ်ထောင်ကျော်လောက် လျော့ချနိုင်ပါလိမ့်မယ်။ 1ကယ်လိုရီ ၃၅၀၀ ဟာ အဆီတစ်ပေါင်နဲ့ ညီမျှပါတယ်။ Réal Slim Shake ကို ၁၀ ရက် သုံးစွဲရင် ကယ်လိုရီ တစ်သောင်းကျော်နဲ့ ညီမျှတဲ့ အဆီ ၂.၈ ပေါင် လောက်ကို ဖယ်ရှား နိုင်ပါလိမ့်မယ်။ တချိန်တည်းမှာဘဲ Réal Slim Shake ရဲ့အရသာ ကိုကျေနပ်မှုနဲ့အတူ ထပ်မံဆာလောင်မှု မဖြစ်စေတော့ဘဲ အာသာပြေပျောက် တင်းတိမ်ခြင်းကိုလည်း ရရှိနိုင်ပါလိမ့်မယ်။ သတိပြုရန် ။ ။
ယခုဖေါ်ပြတဲ့ ကိုယ်အလေးချိန်လျော့ချခြင်းအကြောင်းချက်ဟာ အခြေခံတွက်ချက်မှုသာဖြစ်ကာ လူတဦးချင်းရဲ့ ကိုယ်လက်လှုပ်ရှားမှု အလုပ်အကိုင်အမျိုးစား အခြေခံကမ္မဇီဝလောင်ကျွမ်းမှု နဲ့ အခြား အကြောင်းအရာ များပေါ် မှာ လည်း မူတည်နေပါတယ်။ ပျမ်းမျှအားဖြင့် ၁၀ ရက်စာ Réal Slim Program ဟာ ၃ပေါင်မှ ၇ပေါင်ထိ ကျနိုင်ပြီး ၇ ရက်စာ Réal Slim ဟာ ၂ ပေါင် မှ ၅ ပေါင် ထိကျနိုင်ပါတယ်။ တစ်ပတ်ကို အနည်းဆုံး ကိုယ်အလေးချိန် ၁ ပေါင်မှ ၂ ပေါင် ချနိုင်ခြင်းဟာ လူတစ်ယောက်အတွက် အန္တရာယ်ကင်းပြီး ခံနိုင်ရည်ရှိပါတယ်။
2. ဆာလောင်မှုပြေပျောက်စေခြင်း
Réal Slim Shake တစ်ခွက်ဟာ သင့်ကို အချိန် နာရီ အတန်ကြာ ဗိုက်ပြည့်နေစေပြီး ဆာလောင်မှုကိုပြေပျောက်နေစေပါတယ်။ သင့်ကိုယ်တွင်းက သွေးချိုဓါတ်ထိန်းတဲ့အင်ဆူလင်ဟော်မုန်းရဲ့တုန့်ပြန်မှုကို ကောင်းစေပြီး အလွန်ကျူးစားသောက်မှုကိုတားဆီးပေးပါတယ်။
3. နှစ်လိုဖွယ်အရသာ
Réal Slim Shake ရဲ့ ထူးခြားမှု က အနံ့ အရသာဖြစ်ပါတယ်။ သင့်လျှာနဲ့ ခံတွင်းအတွက်
ကျေနပ်စေမဲ့ သဘာဝ အရသာများနဲ့ Réal Slim ကိုဖေါ်စပ်ထားပါတယ်။
4. ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ အဟာရတန်ဖိုးပြည့်ဝမှု
Réal Slim Shake မှာ ကိုယ်ခန္ဓာအတွက်မရှိမဖြစ်လိုအပ်တဲ့ အဟာရဓါတ်မှန်သမျှပါဝင်ပါတယ်။ ကာဘိုဟိုက်ဒြိတ်၊ ပရိုတိန်း၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဆီ၊ ဗီတာမင်၊ သတ္တုဓါတ်၊ အမျှင်ဓါတ်၊
ရေဓါတ် နဲ့ ဓါတ်တိုးမှုကိုဆန့်ကျင်တဲ့ Anti oxidant ဓါတ်များကို တနေ့တာလိုအပ်ချက်များအတိုင်းထည့်သွင်းထားပါတယ်။
5. ကိုယ်ကာယ ကြံခိုင်သန်မာမှု နှင့် အချိုးကျပြေပြစ်လှပမှု
Réal Slim Shake မှာပါတဲ့ အမိုင်နိုအက်ဆစ်မျိုးစုံဟာ သင့်ရဲ့ ကြွက်သားများ သန်မာမှု နဲ့
အချိုးကျပြေပြစ်လှပမှုကိုဖြစ်စေပြီး ဗိုက်သားနဲ့ခါးကိုချပ်ရပ်စေပါတယ်။
Réal Slim Shake ကသင့်ရဲ့ ကိုယ်ကာယလေ့ကျင့်ခန်းများကို အထောက်ကူပြုလို့
ကြံခိုင်မှုကို မြင့်တက်စေပါလိမ့်မယ်။
6. အဆီကင်းတဲ့ကြွက်သားကိုတည်ဆောက်မှု
Réal Slim Shake ဖေါ်မြူလာမှာပါတဲ့ အဆင့်မြင့်whey proteinက အဆီကင်းတဲ့
ကြွက်သားတည်ဆောက်မှုကို ဖြစ်စေပါတယ်။ သူ့မှာပါတဲ့ BCAA branched chain amino acid လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ် ၃ မျိုး က ကြွက်သားတည်ဆောက်ဖို့ အခြေခံအုတ်မြစ် ဖြစ်ပြီး
ကြွက်သားတွေအတွက်ခွန်အားနဲ့သန်မာမှုကိုလည်းဖြစ်စေပါတယ်။
Réal Slim Miami Beachfit formula7 ၇ ရက် သုံးစွဲမှု အစီအစဉ်
သင့်ရဲ့ မနက်စာ သို့မဟုတ် နေ့လည်စာ နဲ့ ညနေစာ တစ်နေ့ (၂)ကြိမ် Réal Slim Shake နဲ့ အစားထိုးပြီး ရရက်ဆက်တိုက် သောက်သုံးပါ။ ကျန်တစ်နပ်စာကို သင်စားနေကျ အတိုင်းစားပါ။ ကိုယ်ခန္ဓာကိုလည်း တက်ကြွစွာ သွားလာ လှုပ်ရှားမှုပြုပါ။ လမ်းလျှောက်ခြင်း လှေခါးဖြင့် အတက်အဆင်း ပြုခြင်းများ ပြုလုပ်ပါ။ (၇)ရက်ပြည့်လျှင် Réal Slim Shake ကို နားပြီး နောက်ထပ်(၇) ရက် စသည်ဖြင့် သင့်အလိုရှိတဲ့ ကိုယ်အလေးချိန် ရရှိသည်အထိ သုံးစွဲနိုင်ပါတယ်။ လူတစ်ဦးချင်းစီရဲ့ လက်ရှိကိုယ်အလေးချိန်ပေါ်မူတည်ပြီး Réal Slim Shake ရဲ့ ကိုယ်အလေးချိန် ကျဆင်းစေမှု တစ်ဦးနဲ့တစ်ဦး အနည်းငယ်ကွဲပြားနိုင်ပါတယ်။ မိမိတို့ အလိုရှိတဲ့ကိုယ်အလေးချိန် ရပြီးဆိုရင် Réal Slim Shake ကို တစ်နေ့ တစ်ကြိမ်သာ သင့်ရဲ့ နေ့လည်စာ သို့မဟုတ် ညစာကို အစားထိုးပြီး ဆက်တိုက် သုံးစွဲနိုင်ပါတယ်။
Réal Slim Calfonia Beachfit ၁၀ရက် သုံးစွဲမှု အစီအစဉ်
သင့်ရဲ့ မနက်စာနဲ့ နေ့လည်စာ သို့မဟုတ် ညစာ တစ်နေ့(၂)ကြိမ် Réal Slim Shake နဲ့ အစားထိုးပြီး ၁၀ရက်ဆက်တိုက် သောက်သုံးပါ။ ကျန်တစ်နပ်စာကို သင်စားနေကျအတိုင်းစားပါ။ ကိုယ်ခန္ဓာကိုလည်း တက်ကြွစွာ သွားလာလှုပ်ရှားမှုများပြုပါ။ လမ်းလျှောက်ခြင်း လှေခါးဖြင့် အတက် အဆင်း ပြုခြင်းများ ပြုလုပ်ပါ။ ၁၀ရက်ပြည့်လျှင် ၂ရက် Réal Slim Shake ကိုနားပြီး နောက်ထပ် ၁၀ရက် စသည်ဖြင့် သင့် အလိုရှိတဲ့ ကိုယ်အလေးချိန် ရရှိသည်အထိ သုံးစွဲနိုင်ပါတယ်။ လူတစ်ဦးချင်းစီရဲ့ လက်ရှိ ကိုယ်အလေးချိန်ပေါ် မူတည်ပြီး Réal Slim ရဲ့ ကိုယ်အလေးချိန် ကျဆင်းစေမှု တစ်ဦးနဲ့တစ်ဦး အနည်းငယ် ကွဲပြားနိုင်ပါတယ်။ မိမိတို့ အလိုရှိတဲ့ ကိုယ်အလေးချိန် ရပြီးဆိုလျှင် Réal Slim Shake ကို တစ်နေ့ တစ်ကြိမ်သာ သင့်ရဲ့ နေ့လည်စာ သို့မဟုတ် ညစာကို အစားထိုးပြီး ဆက်တိုက် သုံးစွဲနိုင်ပါတယ်။
Réal Slim Calfonia Beachfit ၃၀ရက် သုံးစွဲမှု အစီအစဉ်
သင့်ရဲ့ မနက်စာ နဲ့ နေ့လည်စာ သို့မဟုတ် ညစာ တနေ့ 2 ကြိမ် Réal Slimနဲ့ အစားထိုးပြီး 30 ရက်ဆက်တိုက်သောက်သုံးပါ။ ကျန်တနပ်စာကို သင့်စားနေကျ အတိုင်းစားပါ။ ကိုယ်ခန္ဓာကိုလည်း တက်ကြွစွာ သွားလာလှုပ်ရှား မှု ပြုပါ။ လမ်းလျောက်ခြင်း လှေခါးဖြင့်အတက်ဆင်းပြုခြင်းများပြုလုပ်ပါ။ 30 ရက် ပြည့်လျှင် ၂ ရက် Réal Slim ကိုနားပြီး နောက်ထပ် ၁၀ရက်စသည်ဖြင့် သင့်အလိုရှိတဲ့ကိုယ်အလေးချိန်ရရှိသည်အထိသုံးစွဲနိုင်ပါတယ်။ လူတဦးချင်းစီရဲ့metabolism၊ ကိုယ်လက်လှုပ်ရှားမှု၊ လက်ရှိကိုယ်အလေးချိန်ပေါ်မူတည်ပြီး Réal Slimရဲ့ ကိုယ်အလေးချိန်ကျဆင်းစေမှု တဦးနဲ့တဦး အနည်းငယ်ကွဲပြားနိုင်ပါတယ်။ မိမိအရပ်၊ ကိုယ်အလေးချိန်၊အဆီပမာဏ percentage အချိုးတွက်ချက်ရန် Réal Slim နဲ့စကားပြောပါ။
မှတ်ချက်။ ။
တနေ့ရေ ၈ ခွက်အနဲဆုံးသောက်ပါ။
အရက်လျှော့သောက််ပါ။ ဖြစ်နိုင်လျင် programme အတွင်းအရက်ဖြတ်ပါ။
သကြားနဲ့ဆားလျှော့စားပါ။