ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာကို အလွယ်တကူ ရွေးချယ်ဆုံးဖြတ်ရန် အနည်းငယ်ခက်ခဲသော ကမ္ဘာတွင် Victoria's Gorgeous Formula Smoothies သည် သင်၏တနေ့တာထဲသို့ ကော်လာဂျင်၊ Whey ပရိုတိန်း နှင့် ဗီတာမင်စီ တို့ကို ထည့်သွင်းရန် လွယ်ကူသောနည်းလမ်းတစ်ခုကိုပေးသည်။
ကော်လာဂျင်
ကော်လာဂျင် ဆိုတာ လူ့ခန္ဓာကိုယ်က ထုတ်လုပ်ပေးလိုက်တဲ့ အရေးအကြီးဆုံး ပရိုတင်းတစ်ခုဖြစ်ပြီး Glycine 33%၊ Proline နဲ့ Hydroxyproline 22% စတဲ့ Amino Acid များနဲ့ Alpha ကွင်းဆက်သုံးခုပုံစံဖွဲ့စည်းထားပါတယ်။
အသက် (၂၅) နှစ်ကစပြီး ကော်လာဂျင် ထုတ်လုပ်မှုနှုန်း လျော့ကျလာပါတယ်။ ဒီအခါမှာ ကော်လာဂျင် ဖွဲ့စည်းပုံဟာ တဖြည်းဖြည်းပျက်စီးလာပြီး အရေပြားတည်ဆောက်ခြင်းကို ထောက်ပံ့ပေးနိုင်မှု လျော့နည်းလာပါတယ်။ ကော်လာဂျင် များလေလေ အသားအရေကို တင်းရင်းအောင် လုပ်ဆောင်ပေးနိုင်လေလေပါ။ ဒါကြောင့် အရေပြားထဲက ကော်လာဂျင် ပမာဏကို ထိန်းသိမ်းထားနိုင်ဖို့ဆိုတာ အရမ်းကို အရေးကြီးပါတယ်။
အရေပြားရဲ့ အရေးကြီး အခန်းကဏ္ဍမှာ ပါဝင်တဲ့ ကော်လာဂျင် ဟာ အသားအရေရဲ့ တင်းရင်းမှုနဲ့ အစိုဓာတ်မှာလည်း အရေးကြီးပါသေးတယ်။ ကော်လာဂျင် ဟာ အသားအရေခြောက်သွေ့မှုနဲ့ ပါးရည်တွန့်တာတွေကို လျော့ကျစေပါတယ်။ လက်သည်း၊ ခြေသည်းတွေကို ခိုင်ခံ့လှပစွာ အရှည်မြန်စေသလို ဆံသားနဲ့အဆစ်အမြစ်တွေကိုလည်း သန်စွမ်းစေပါတယ်။
ကော်လာဂျင်
ကော်လာဂျင် ဆိုတာ လူ့ခန္ဓာကိုယ်က ထုတ်လုပ်ပေးလိုက်တဲ့ အရေးအကြီးဆုံး ပရိုတင်းတစ်ခုဖြစ်ပြီး Glycine 33%၊ Proline နဲ့ Hydroxyproline 22% စတဲ့ Amino Acid များနဲ့ Alpha ကွင်းဆက်သုံးခုပုံစံဖွဲ့စည်းထားပါတယ်။
အသက် (၂၅) နှစ်ကစပြီး ကော်လာဂျင် ထုတ်လုပ်မှုနှုန်း လျော့ကျလာပါတယ်။ ဒီအခါမှာ ကော်လာဂျင် ဖွဲ့စည်းပုံဟာ တဖြည်းဖြည်းပျက်စီးလာကာ အရေပြားတည်ဆောက်ခြင်းကို ထောက်ပံ့ပေးနိုင်မှု လျော့နည်းလာပါတယ်။ ကော်လာဂျင် များလေလေ အသားအရေကို တင်းရင်းအောင် လုပ်ဆောင်ပေးနိုင်လေလေပါ။ ဒါကြောင့် အရေပြားထဲက ကော်လာဂျင် ပမာဏကို ထိန်းသိမ်းထားနိုင်ဖို့ဆိုတာ အရမ်းကို အရေးကြီးပါတယ်။
အရေပြားရဲ့ အရေးကြီး အခန်းကဏ္ဍမှာ ပါဝင်တဲ့ ကော်လာဂျင် ဟာ အသားအရေရဲ့ တင်းရင်းမှုနဲ့ အစိုဓာတ်မှာလည်း အရေးကြီးပါသေးတယ်။ ကော်လာဂျင် ဟာ အသားအရေခြောက်သွေ့မှုနဲ့ ပါးရည်တွန့်တာတွေကို လျော့ကျစေပါတယ်။ လက်သည်း၊ ခြေသည်းတွေကို ခိုင်ခံ့လှပစွာ အရှည်မြန်စေသလို ဆံသားနဲ့အဆစ်အမြစ်တွေကိုလည်း သန်စွမ်းစေပါတယ်။
Whey ပရိုတိန်း ၏စွမ်းအား
Whey Protein က အားနည်းလာတဲ့ ကြွက်သားတွေကို သန်မာစေပြီး ထုတက်စေပါတယ်။ ဒါ့အပြင် ကိုယ်ခန္ဓာရဲ့ အစာခြေနှုန်းကို မြန်ဆန်စေပြီး ကိုယ်အလေးချိန်ထိန်းညှိနိုင်မှုကိုလည်း ထောက်ပံ့ပေးတာကြောင့် အဆီတွေကို လောင်ကျွမ်းစေပါတယ်။
တစ်သျှူးတည်ဆောက်ခြင်းနဲ့ ပြန်လည်ပြုပြင်ခြင်းအတွက် မရှိမဖြစ်ပါ။ ကြွက်သားထုနဲ့ အရိုးထိန်းသိမ်းမှုတွေအတွက်လည်း ထောက်ပံ့ပေးပါတယ်။
ဗီတာမင်စီ
ဗီတာမင်စီ ကတော့ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပြီး အနာကျက်နှုန်းကို မြှင့်ပေးနိုင်ပါတယ်။
အသားအရေ၊ ဆံပင်နဲ့ အရိုးကျန်းမာရေးအတွက် ကော်လာဂျင် ဖြစ်ပေါ်လာမှုကို အားပေးတယ်။ မူလကိုယ်ခံအားစနစ်ကိုလည်း ထောက်ပံ့ပေးပါတယ်။
ဗီတာမင်စီ
ဗီတာမင်စီ ကတော့ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပြီး အနာကျက်နှုန်းကို မြှင့်ပေးနိုင်ပါတယ်။
အသားအရေ၊ ဆံပင်နဲ့ အရိုးကျန်းမာရေးအတွက် ကော်လာဂျင် ဖြစ်ပေါ်လာမှုကို အားပေးတယ်။ မူလကိုယ်ခံအားစနစ်ကိုလည်း ထောက်ပံ့ပေးပါတယ်။
အရသာရှိသောသဘာဝဘလူးဘယ်ရီသီးအရသာ
ဒီ smoothie ရောစပ်မှုကအံ့သြဖွယ်ကောင်းပြီး သင့်ရဲ့နေ့စဉ်ဘ၀ ကို အထောက်အကူပေးပါတယ်။၎င်းကိုဘလူးဘယ်ရီအရသာဖြင့် ထုတ်လုပ်ထားပြီး အရည်အသွေးမြင့်သော ပါဝင်ပစ္စည်းများဖြင့် သြစတေးလျတွင်ပြုလုပ်သည်။
သင်ဟာ ရုံး၊ အိမ်၊ လမ်းတွေ၊ အားကစားရုံတွေမှာ သန်မာဖြတ်လတ်ပြီး အသားအရည်၊ ဆံပင်၊ လက်သည်း၊ ကြွက်သား နှင့် ခုခံအားစနစ် ကိုအားဖြည့်ပေးဖို့ဆိုလျှင် ဒီ smoothie ကသင့် အတွက်သင့်တော်ပါတယ်။
ထူးခြားချက်များ
ကော်လာဂျင် ပါဝင်မှုမြင့်မားသည်
ဆံပင်၊ အရေပြားနှင့် လက်သည်း၊ခြေသည်း ကျန်းမာရေးကို အထောက်အကူပြုသည်
အဆစ်အမြစ်နာကျင် ရောင်ယမ်းခြင်းကို သက်သာစေသည်
ဗီတာမင်စီ ပါဝင်သည်
Whey ပရိုတိန်း ပါဝင်မှုမြင့်မားသည်
Victoria's Gorgeous Formula Smoothie သည်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေရန် အခြားကျန်းမာသောအလေ့အကျင့်များနှင့် ပူးတွဲလုပ်ဆောင်ရမည့် ဖြည့်စွက်အစာတစ်ခုဖြစ်သည်။ ၎င်းသည် သင်၏ပုံမှန်စားနေသော အစားအစာများကိုအစားထိုးရန် မဟုတ်ပါ။ ဆေးဝါးအဖြစ်သုံးစွဲရန်လည်း မဟုတ်ပါ။ ၎င်းကို Food Standards Australia New Zealand(သြစတေးလျ၊ နယူးဇီလန် အစားအစာစံချိန်စံညွှန်းများ) နှင့်အညီ ဖော်စပ်ထုတ်လုပ်ထားသည်။
သုတေသန ပြုလုပ်ထားသော အချက်အလက်များ
Collagen ဆိုတာ ကျွန်မတို့ ခန္ဓာကိုယ်ရှိ ပရိုတင်းပမာဏရဲ့ သုံးပုံတစ်ပုံကို နေရာယူထားတဲ့ ပရိုတင်းဓာတ်တစ်မျိုးပါ။ အရွတ်၊ အရေပြား၊ ကြွက်သား၊ အရိုးနု စတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပံ့ပိုးပေးတဲ့ တွယ်ဆက်တစ်သျှူးတွေရဲ့ အဓိကပါဝင်ပစ္စည်းဟာ Collagen ပါ။ Collagen ကို ခန္ဓာကိုယ်ရဲ့ တခြားသော အစိတ်အပိုင်းတွေဖြစ်တဲ့ သွေးကြော၊ မျက်ကြည်လွှာနဲ့ သွားတွေမှာလည်း တွေ့ရှိနိုင်ပါတယ်။
Collagen ကို Glutamine၊ Arginine၊ Proline နဲ့ Glycine အစရှိတဲ့ အမိုင်နိုအက်ဆစ်တွေနဲ့ ပါဝင်ဖွဲ့စည်းထားပါတယ်။ အမိုင်နိုအက်ဆစ်တွေဟာ ပရိုတင်းတွေတည်ဆောက်ရာမှာ ပါဝင်တဲ့ ကုန်ကြမ်းပစ္စည်းဖြစ်ပါတယ်။ အမိုင်နိုအက်ဆစ်ပေါင်းများစွာ စုပေါင်းပြီး procollagen ဖြစ်လာပါတယ်။ Procollagen တွေဟာ Collagen အဖြစ်ပြောင်းလဲသလို ခန္ဓာကိုယ် ကြံ့ခိုင်မှုကိုထောက်ပံ့ပေးတဲ့ ပရိုတင်းရဲ့ ရှေ့ပြေးအဖြစ်လည်း လုပ်ဆောင်ပေးပါတယ်။
ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေ၊ အရိုးစုတွေ၊ ကိုယ်တွင်းအင်္ဂါတွေကို တစုတစည်းတည်းဖြစ်အောင် စုစည်းထားပေးတာဟာ Collagen ပါ။ Collagen ဟာ ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှု၊ ပုံသဏ္ဍာန်၊ ခွန်အားတို့ကို ထိန်းသိမ်းထားနိုင်အောင် ကူညီတဲ့ ကော်တစ်ခုလို့ ဆိုနိုင်ပါတယ်။ Collagen ဟာ “kólla,”ဆိုတဲ့ ဂရိစကားမှ ဆင်းသက်လာ ပြီး ကော်လို့ အဓိပ္ပာယ်ရပါသတဲ့။ Collagen တွေ ဘေးချင်းယှဉ်ပေါင်းစည်းလိုက်ပြီး ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ အရေပြားကို ဖွဲ့စည်းလိုက်ပါတယ်။ ဒါ့အပြင် Collagen ဟာ အရိုးတွေရဲ့ အခြေခံပစ္စည်းလည်းဖြစ်ပါတယ်။ အရိုးနုတွေ၊ အရိုးတွေကိုတောင် Collagen က ဖန်တီးပေးတာပါ။ လက်သည်း၊ ဆံပင်၊ ကြွက်သား၊ သွားတွေအားလုံးဟာလည်း Collagen က ဖြစ်ပေါ်လာတာပေါ့။
ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ဟာ Collagen တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ငယ်ရွယ်စဉ်မှာ Collagen အမြောက်အများ ထုတ်လုပ်ပေးနိုင်ပေမယ့် အသက် (၂၅) နှစ်နောက်ပိုင်းမှာတော့ ထုတ်လုပ်ပေးနိုင်တဲ့ Collagen ပမာဏလျော့နည်းလာပါတယ်။ Collagen လျော့နည်းလာတဲ့အခါ တွယ်ဆက်တစ်သျှူးတွေဟာ ကျုံ့ဆန့်နိုင်တဲ့သတ္တိတွေ လျော့နည်းလာပြီး ပျက်စီးလွယ်လာပါတယ်။ အရေးအကြောင်းဖြစ်ပေါ်လာတာတွေ၊ ပါးရည်တွန့်လာတာတွေ၊ ဆံပင်ပါးလာတာတွေဟာ Collagen နည်းလာခြင်းရဲ့ လက္ခဏာတွေပါ။ အသက်အရွယ်၊ ဘဝနေထိုင်မှုပုံစံ၊ ပတ်ဝန်းကျင်စတာတွေကလည်း ခန္ဓာကိုယ်က ထုတ်လုပ်ပေးတဲ့ Collagen တွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်း၊ အာဟာရလုံလောက်အောင် မစားသုံးခြင်း၊ အချိုအစားများခြင်း၊ အရက်သောက်သုံးခြင်း၊ ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုများခြင်းအစရှိတာတွေဟာ Collagen ကိုဖျက်ဆီးပစ်နိုင်တဲ့ အရာတွေပါပဲ။
Collagen ဖြည့်စွက်စာတွေဟာ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ကို အမိုင်နိုအက်ဆစ်၊ ဗီတာမင်၊ Collagen မော်လီကျူးတွေနဲ့ ထောက်ပံ့ပေးပါတယ်။ ခန္ဓာကိုယ်က ဒါတွေကို ခန္ဓာကိုယ်တလျှောက်သယ်သွားပြီး Collagen အသစ်တွေအဖြစ် ဖွဲ့စည်းပေးပါတယ်။
ဒီနှစ်ပိုင်းတွေမှာ Collagen ဖြည့်စွက်စာတွေဟာ အတော်လူသိများလာပါတယ်။ Victoria’s Gorgeous Formula Smoothie ဟာ ခန္ဓာကိုယ်မှ အလွယ်တကူစုပ်ယူနိုင်စေဖို့ အမှုန့်ကိုအရည်ဖျော်ရတဲ့ ဖျော်ရည်ပုံစံနဲ့ ထုတ်လုပ်ပါတယ်။ Collagen သောက်သုံးခြင်းဟာ အသားအရေ ဝင်းပကြည်လင်စေခြင်း၊ အရိုးသန်မာစေခြင်း၊ အဆစ်အမြစ်နာတာ သက်သာစေခြင်းအစရှိတဲ့ ကျန်းမာရေးကောင်းကျိုးတွေ အမြောက်အများရှိပါတယ်။ Collagen သောက်သုံးခြင်းအားဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေးကောင်းကျိုး (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
- အသားအရေ လှပစေတယ်။
- အဆစ်အမြစ်နာကျင်မှုတွေကို လျော့ကျစေတယ်။
- အရိုးသန်မာမှုလျော့ကျလာတာကို ကာကွယ်ပေးတယ်။
- ကြွက်သားထုကို မြှင့်တင်ပေးတယ်။
- နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်။
ကျွန်မတို့ အသားအရေရဲ့ အဓိကပါဝင်ပစ္စည်းတခုဟာ Collagen ပါ။ Collagen ဟာ အသားအရေကို တင်းရင်းစေပြီး ရေဓာတ်ဖြည့်ပေးပါတယ်။ Collagen နည်းခြင်းက အသားခြောက်စေပြီး ပါးရေတွန့်စေနိုင်ပါတယ်။ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ဟာ ငယ်ရွယ်စဉ်မှာ Collagen မြောက်များစွာ ထုတ်လုပ်ပေးနိုင်ပေမယ့် အသက် ၂၅ ကျော်တဲ့အချိန်မှာတော့ Collagen ထုတ်လုပ်မှု လျော့နည်းသွားပါတယ်။ အထူးသဖြင့် သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေမှာ Collagen ထုတ်လုပ်မှု ပိုမိုလျော့နည်းသွားပါတယ်။ Collagen ဖြည့်စွက်စာတွေဟာ အရေးအကြောင်းနဲ့ အသားအရေခြောက်သွေ့တာတွေကို လျော့နည်းစေတာကြောင့် အရွယ်ရလို့ အသားအရေပျက်စီးလာခြင်းကို နှေးကွေးအောင် ပြုလုပ်ပေးနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ Collagen နေ့စဉ်မှီဝဲတဲ့အမျိုးသမီးတွေဟာ Collagen မသောက်သုံးတဲ့ အမျိုးသမီးတွေထက် အသားအရေအစိုဓာတ်မြင့်တက်လာတာကြောင့် အရေးအကြောင်းဖြစ်ပေါ်မှုနည်းပြီး အသားအရေလည်း ပိုမိုတင်းရင်းပါတယ်တဲ့။ Collagen ဖြည့်စွက်စာတွေဟာ ခန္ဓာကိုယ်ရဲ့ Collagen ထုတ်လုပ်နိုင်မှုပမာဏကို တိုးတက်လာအောင် လှုံ့ဆော်ပေးနိုင်တာကြောင့် အရေးအကြောင်းလျော့နည်းစေတာပါ။ ဒါ့အပြင် Collagen ဖြည့်စွက်စာသောက်သုံးခြင်းဟာ အရေပြားဖွဲ့စည်းတည်ဆောက်ရာမှာ ကူညီပေးတဲ့ elastin နဲ့ fibrillin စတဲ့ ပရိုတင်းဓာတ်တွေဖြစ်ပေါ်မှုကိုလည်း တိုးတက်စေပါတယ်။
Collagen က အဆစ်အမြစ်တွေကို ကာကွယ်ပေးတဲ့ အရိုးနုရဲ့ ခိုင်ခံ့မှုကိုလည်း ထိန်းသိမ်းပေးနိုင်ပါတယ်။ ခန္ဓာကိုယ်က ထုတ်လုပ်ပေးနိုင်တဲ့ Collagen ပမာဏလျော့နည်းလာတာနဲ့အမျှ အရိုးအဆစ်ရောင်ရမ်းမှုလိုမျိုး အရိုးရောဂါတွေဖြစ်ဖို့ ရာခိုင်နှုန်းမြှင့်လာပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ Collagen ဖြည့်စွက်စာသောက်သုံးခြင်းဟာ အရိုးအဆစ်ရောင်ရမ်းမှုလက္ခဏာတွေကို သက်သာစေပြီး အဆစ်အမြစ်နာကျင်မှုတွေကို လျော့ကျစေပါတယ်။ လေ့လာတွေ့ရှိချက်တစ်ခုအရ ရက်သတ္တပတ် (၂၄) ပတ်ကြာမျှ နေ့စဉ် Collagen ပမာဏ (၁ဝ) ဂရမ် မှီဝဲထားတဲ့ အားကစားသမား (၇၃) ယောက်ဟာ Collagen လုံးဝမသောက်သုံးထားတဲ့သူတွေထက် လမ်းလျှောက်စဉ်မှာကော၊ အနားယူနေစဉ်မှာပါ အဆစ်အမြစ်နာကျင်ကိုက်ခဲမှု သိသိသာသာလျော့ကျတာကို တွေ့ရှိရပါတယ်။ နောက်ထပ်လေ့လာချက်တစ်ခုမှာတော့ ရက် (၇ဝ) ကြာမျှ နေ့စဉ် Collagen (၂) ဂရမ်မှီဝဲထားတဲ့ လူကြီးတွေဟာ မမှီဝဲထားတဲ့သူတွေထက် ကိုယ်ကာယကြံ့ခိုင်မှုအပိုင်းမှာ သာလွန်သလို အဆစ်အမြစ်နာကျင်တာလည်း သိသိသာသာ နည်းပါးတယ်လို့ ဆိုပါတယ်။ Collagen ဖြည့်စွက်စာသောက်သုံးခြင်းဟာ အရိုးနုတွေကို သန်မာစေပြီး တစ်သျှူးတွေကိုလည်း Collagen ထုတ်လုပ်ပေးနိုင်အောင် လှုံ့ဆော်ပေးတယ်လို့တွေ့ရှိထားပါတယ်။
အရိုးတွေဟာ သူတို့ကို သန်မာစေပြီး တောင့်တင်းခိုင်မာစေတဲ့ Collagen နဲ့ အများဆုံးဖွဲ့စည်းထားတာပါ။ အရွယ်ရလာတာနဲ့အမျှ Collagen ပမာဏ လျော့နည်းလာသလို အရိုးသိပ်သည်းဆလည်း လျော့ကျလာတတ်ပါတယ်။ အရိုးသိပ်သည်းဆလျော့နည်းတာကြောင့် အရိုးပွရောဂါတွေဖြစ်လာပြီး အရိုးကျိုးလွယ်တတ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ Collagen ဖြည့်စွက်စာဟာ အရိုးကျိုးလွယ်ခြင်းကို ဖြစ်ပေါ်စေနိုင်တဲ့ အရိုးပွခြင်းကို ကာကွယ်ပေးပါတယ်။ လေ့လာတွေ့ရှိမှုတစ်ခုမှာ Collagen သောက်သုံးတဲ့ အမျိုးသမီးတွေဟာ မသောက်သုံးတဲ့ အမျိုးသမီးတွေထက် ပရိုတင်းပမာဏမြင့်ပြီး အရိုးသိပ်သည်းဆ (BMD) ၇ ရာခိုင်နှုန်းအထိ မြှင့်တက်လာတာကို တွေ့ရှိပါတယ်။ အရိုးသိပ်သည်းဆဆိုတာဟာ အရိုးတွင်းမှာရှိတဲ့ ကယ်လ်စီယမ်ကဲ့သို့သော အရိုးမှာ ပါဝင်တဲ့ပစ္စည်းတွေရဲ့ သိပ်သည်းဆအတိုင်းအတာ ဖြစ်ပါတယ်။ BMD နိမ့်ခြင်းဟာ အရိုးအားနည်းတာတွေ၊ အရိုးပွတာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ကြွက်သားတစ်သျှူးရဲ့ ၁ % မှ ၁ဝ % ဟာ Collagen နဲ့ ဖွဲ့စည်းထားတာပါ။ Collagen ဟာ ကြွက်သားတွေ သန်မာပြီး လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်ဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ Collagen ဖြည့်စွက်စာတွေဟာ အသက်အရွယ်ရလာလို့ ကြွက်သားထုလျော့နည်းလာတဲ့သူတွေအတွက် ကြွက်သားထုတည်ဆောက်မှုကို အားကောင်းလာစေပါတယ်။ (၁၂) ပတ်ကြာတဲ့ အားကစားပရိုဂရမ်တစ်ခုမှာ ပါဝင်နေတဲ့ သက်ကြီးပိုင်း လူကြီး (၉၇) ယောက်ကို နေ့စဉ် Collagen (၁၅) ဂရမ်တိုက်ကျွေးကြည့်တဲ့အခါ အားကစားလုပ်ပြီး Collagen မသောက်တဲ့သူတွေထက် ကြွက်သားထုပိုတက်ပြီး ပိုသန်မာတာကို တွေ့ရပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ Collagen သောက်သုံးခြင်းဟာ Creatine လို့ခေါ်တဲ့ ကြွက်သားပရိုတင်းတွေဖြစ်ပေါ်မှုကို မြှင့်တင်ပေးတာကြောင့် ကြွက်သားတွေ ဖွံ့ဖြိုးအောင်လည်း လှုံ့ဆော်ပေးပါတယ်။ Collagen သောက်သုံးခြင်းဟာ အသက်အရွယ်ကြောင့် ကြွက်သားတွေ အားနည်းလာတဲ့သူတွေမှာ ကြွက်သားတွေကို ကြီးထွားစေပြီး သန်မာလာစေပါတယ်။
Collagen သောက်သုံးခြင်းဟာ နှလုံးနဲ့ ဆက်စပ်တဲ့ရောဂါတွေ ဖြစ်ပွားခြင်းကို လျော့နည်းစေပါတယ်။ Collagen ဟာ နှလုံးကနေ ခန္ဓာကိုယ်အနှံ့ကို စီးဆင်းနေတဲ့ သွေးကြောတွေရဲ့ ဖွဲ့စည်းတည်ဆောက်မှုကို အထောက်အကူပြုပါတယ်။ Collagen အလုံအလောက်မရတဲ့အခါ သွေးကြောတွေဟာ အားနည်းလာ ပြီး ပျက်စီးလွယ်လာတာကြောင့် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားလာစေပါလိမ့်မယ်။ လေ့လာတွေ့ရှိချက်တစ်ခုအရ ကျန်းမာတဲ့လူကြီး (၃၁) ယောက်ကို နေ့စဉ် Collagen (၁၆) ဂရမ် ခြောက်လကြာမှီဝဲစေတဲ့အခါ Collagen မသောက်သုံးခင်ကထက် သွေးကြောကျဉ်းတာ လျော့နည်းတာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် Collagen ဟာ သွေးတွင်းမှာရှိတဲ့ ကောင်းတဲ့အဆီဓာတ်ဖြစ်တဲ့ HDL ကို ခြောက်ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်ပါတယ်။ HDL ဆိုတာ သွေးကြောကျဉ်းရောဂါတွေနဲ့ နှလုံးရောဂါ ဖြစ်ပွားမှုတွေကို ကာကွယ်ပေးတဲ့ သွေးတွင်းအဆီဓာတ်ဖြစ်ပါတယ်။
Collagen ဖြည့်စွက်စာတွေဟာ တချို့လူတွေအတွက် ပါးစပ်ခါးခြင်း၊ ရင်ပြည့်ခြင်းတွေ ခဏတာ ဖြစ်စေနိုင်ပေမယ့် တခြားသောဘေးထွက်ဆိုးကျိုး မတွေ့ရှိပါဘူး။ ဒါကြောင့် လူအများစုအတွက် ဘေးကင်းပါတယ်။
Whey Protein ဟာ တခြားသောပရိုတင်းတွေထက် အဆီလောင်ကျွမ်းမှုမှာ ပိုအကျိုးသက်ရောက်မှုရှိပြီး ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေရှိတာကို တွေ့ရှိရပါတယ်။
Whey ပရိုတင်းဆိုတာဟာ နို့မှ ချိစ်ထုတ်လုပ်ရာတွင် ထွက်လာတဲ့ အရည်ကြည်ဖြစ်ပါတယ်။ Whey Protein ဟာ မရှိမဖြစ်အမိုင်နိုအက်ဆစ် အားလုံးပါဝင်တဲ့ အရည်အသွေးမြင့်ပရိုတင်းဖြစ်ပါတယ်။ Whey Protein ဟာ အစာကြေလွယ်တာကြောင့် Whey Protein ကို တခြား ပရိုတင်းတွေထက် အူမှ အလွယ်တကူစုပ်ယူနိုင်ပါတယ်။ ဒါကြောင့်ပဲ Whey Protein ကို ပရိုတင်းရနိုင်တဲ့ နို့ထွက်ပစ္စည်းအကောင်းဆုံးတွေထဲက တစ်ခုလို့ သတ်မှတ်ထားတာပါ။ Whey Protein ဟာ ကြွက်သားထုတင်ချင်သူတွေ၊ အလှမယ်တွေ၊ အားကစားသမားတွေ၊ အစားအသောက်တွေမှ ပရိုတင်းသက်သက်ထပ်လိုချင်သူတွေကြားမှာ အတော်ရေပန်းစားပါတယ်။
အရွယ်ရလာတဲ့အခါ ကြွက်သားထုကြီးထွားမှုနှုန်းဟာ ရပ်တန့်သွားတဲ့အတွက်ကြောင့် ကိုယ်အလေးချိန်တိုးလာတဲ့အပြင် နာတာရှည်ရောဂါအများစုဖြစ်ပွားနိုင်တဲ့နှုန်းလည်း မြင့်တက်လာပါတယ်။ ပရိုတင်းဓာတ်မြင့်မားစွာ ပါဝင်တဲ့ အစားအသောက်တွေ စားသုံးခြင်းနဲ့ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဟာ ဒါတွေကို နှေးကွေးသွားစေနိုင်မယ့် ထိရောက်တဲ့နည်းဗျူဟာတစ်ခုဖြစ်ပါတယ်။ Leucine လို့ခေါ်တဲ့ ကွင်းဆက် အမိုင်နိုအက်ဆစ်ကြွယ်ဝစွာပါဝင်တဲ့ Whey မှာ အရည်အသွေးမြင့်မားတဲ့ ပရိုတင်းတွေပါဝင်ပါတယ်။ Leucine ဟာ အမိုင်နိုအက်ဆစ်တွေထဲမှာ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အကောင်းဆုံးပြုလုပ်ပေးနိုင်ပါတယ်။ ဒါကြောင့်ပဲ Whey Protein ဟာ အသက်အရွယ်ရလာခြင်းကြောင့်ဖြစ်တဲ့ ကြွက်သားလျော့ရဲလာခြင်း၊ ခွန်အားနည်းလာခြင်းတွေကို ကာကွယ်ပေးပြီး ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်နိုင်အောင် ဖန်တီးပေးနိုင်တာပေါ့။ ကြွက်သားတွေ ကြီးထွားဖို့အတွက်ဆိုရင် Whey Protein ဟာ ဒိန်ခဲ၊ ပဲနို့ရည်တွေထက် ပိုမိုကောင်းမွန်ပါတယ်။ အစားအသောက်မှာ ပရိုတင်းဓာတ်ချို့တဲ့နေရင်တော့ ဖြည့်စွက်စာတွေ ဘယ်လောက်စားစား ထူးခြားမှာ မဟုတ်ပါဘူး။
Whey Protein ဟာ တခြားပရိုတင်းတွေအားလုံးထက် အစားစားချင်စိတ်၊ ဆာလောင်စိတ်ကို လျှော့ချပေးတာကြောင့် ကိုယ်အလေးချိန်လျှော့ချချင်သူတွေ၊ ကယ်လိုရီပမာဏအနည်းငယ်သာစားသုံးချင်သူတွေအတွက် အရမ်းအသုံးဝင်မှာပါ။
ပရိုတင်းများများစားသုံးခြင်းဟာ ကိုယ်အလေးချိန်လျော့ကျဖို့ အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်။ ပရိုတင်းများများစားသုံးခြင်းဟာ
- အစာစားချင်စိတ်ကို ချိုးနှိမ်ပေးတာကြောင့် ကယ်လိုရီစားသုံးမှုလျော့နည်းသွားခြင်း
- ဇီဝဖြစ်ပျက်မှုကို မြန်ဆန်စေတာကြောင့် ကယ်လိုရီ ပိုမိုလောင်ကျွမ်းစေနိုင်ခြင်း
- ကိုယ်အလေးချိန်လျော့ကျတဲ့အခါ ကြွက်သားထုတွေကို ထိန်းသိမ်းထားပေးခြင်း
Whey Protein ဟာ တခြားသောပရိုတင်းတွေထက် အဆီလောင်ကျွမ်းမှုမှာ ပိုအကျိုးသက်ရောက်မှုရှိပြီး ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေရှိတာကို တွေ့ရှိရပါတယ်။
Whey Protein ဟာ အမှုန့်အဖြစ်နဲ့ ရောင်းချတာကြောင့် ဖျော်ရည်၊ ဒိန်ချဉ်၊ ရေ ဒါမှမဟုတ် နွားနို့စတာတွေနဲ့ အလွယ်တကူသောက်သုံးနိုင်ပါတယ်။ ခန္ဓာကိုယ်ဟာ အချိန်တစ်ခုမှာ သတ်မှတ်ထားတဲ့ ပရိုတင်းပမာဏကိုသာ စုပ်ယူနိုင်တာကြောင့် ပရိုတင်းအများကြီးသောက်လည်း ဘာအကျိုးမှ မရှိပါဘူး။ ဒါကြောင့် ဆေးညွှန်းအတိုင်း လိုက်နာသောက်သုံးတာ အကောင်းဆုံးပါ။ ဒါ့အပြင် လွန်ကဲစွာ သောက်သုံးခြင်းက အော့အန်ခြင်း၊ နာကျင်ခြင်း၊ ဖောခြင်း၊ ကြွက်တက်ခြင်း၊ ဝမ်းလျှောခြင်းအစရှိတဲ့ အစာခြေပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် သင့်တော်တဲ့ပမာဏ သောက်သုံးပါ။ သင့်မှာ အသည်း သို့မဟုတ် ကျောက်ကပ်ပြဿနာရှိခဲ့ဖူးတယ်ဆိုရင်တော့ ပရိုတင်းဖြည့်စွက်စာမသောက်သုံးခင်မှာ ဆရာဝန်နဲ့တိုင်ပင်ပါ။
ဗီတာမင်စီကတော့ အသားအရေ၊ ဆံပင်၊ အရိုးကျန်းမာရေးအတွက် Collagen ဖြစ်ပေါ်မှုကို ပံ့ပိုးပေးပါတယ်။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေဖို့အတွက်မှာလည်း ဗီတာမင်စီဟာ မရှိမဖြစ်ပါပဲ။ ဗီတာမင်စီရဲ့ ကောင်းကျိုးတွေကတော့ လူတိုင်းသိပြီးသားဖြစ်တာမို့ အထူးတလည် ထပ်ရှင်းပြနေဖို့ကို လိုမယ်မထင်ပါဘူးနော်။
- Molecular Cell Biology. 4th edition.
(Lodish H, Berk A, Zipursky SL, et al.
New York: W. H. Freeman; 2000.) - Alfonso E Bello et al. Curr Med Res Opin. 2006 Nov
- Jérome Asserin et al. J Cosmet Dermatol. 2015 Dec.
- Ruta Ganceviciene, Aikaterini I. Liakou, [...], and Christos C. Zouboulis
- E Proksch et al. Skin Pharmacol Physiol. 2014.
- Maryam Borumand and Sara Sibilla
- Kristine L Clark et al. Curr Med Res Opin. 2008 May
- Alexander G Schauss et al. J Agric Food Chem. 2012.
- R W Moskowitz. Semin Arthritis Rheum. 2000 Oct
- S Viguet-Carrin et al. Osteoporos Int. 2006
- Matthew T Drake et al. Clin Ther. 2015 Aug.
- Marcus L Elam et al. J Med Food. 2015 Mar
- Daniel König, Steffen Oesser, [...], and Albert Gollhofer
- Charles A Cefalu. Curr Med Res Opin. 2004 Mar
- Allison R. Gillies, B.S and Richard L. Lieber, Ph.D
- Denise Zdzieblik, Steffen Oesser, [...], and Daniel König
- Naohisa Tomosugi, Shoko Yamamoto, [...], and Yasuo Sakai
- Y Boirie et al. Proc Natl Acad Sci U S A. 1997.
- Douglas Paddon-Jones et al. Curr Opin Clin Nutr Metab Care. 2009 Jan.
- Scot R Kimball et al. J Nutr. 2006 Jan.
- Douglas Paddon-Jones et al. Curr Opin Clin Nutr Metab Care. 2009 Jan.
- Jason E Tang et al. J Appl Physiol (1985). 2009 Sep.
- Bart Pennings et al. Am J Clin Nutr. 2011 May.
- Douglas Paddon-Jones et al. Am J Clin Nutr. 2008 May.
- S Pal et al. Eur J Clin Nutr. 2014 Sep.
- Margriet A B Veldhorst et al. Physiol Behav. 2009.
- M S Westerterp-Plantenga et al. Annu Rev Nutr. 2009.
- Carol S Johnston et al. J Am Coll Nutr. 2002 Feb.
- Joy L Frestedt et al. Nutr Metab (Lond). 2008
- Sebely Pal et al. Obesity (Silver Spring). 2010 Jul.
- Line Q Bendtsen et al. Br J Nutr. 2014.
- David J Baer et al. J Nutr. 2011 Aug.