Réal Slim ဟာ ပရိုတိန်းများ ဗီတာမင် နဲ့ သတ္တုဓါတ်တို့ပေါင်းစပ်ပါဝင်တဲ့ Formulated Meal Replacement Shake ဖြစ်ပါတယ်။ သြစတြေးလျနဲ့ နယူးဇီလန် နိုင်ငံတို့ရဲ့ အစားအသောက်ထိန်းချုပ်မှုဆိုင်ရာ စံချိန်စံညွှန်း သက်မှတ်ချက်များ FSANZ အတိုင်း ဖေါ်စပ်ထားပါတယ်။ သြစတြေးလျနိုင်ငံတွင် ထုတ်လုပ်ပါတယ်။ မြန်မာနိုင်ငံအစားအသောက်နဲ့ ဆေးဝါးကွက်ကဲမှုဌာန FDA မှ ဖြည့်စွက်စာအဖြစ် ထောက်ခံအတည်ပြုမှုလည်း ရှိထားပြီးဖြစ်ပါတယ်။ ကိုယ်အလေးချိန်ချရန် ယုံကြည်စိတ်ချစွာ သောက် သုံးနိုင်ပါတယ်။
တကယ်ကို ကိုယ်ခန္ဓာ သွယ်လျ အချိုးကျ လှပ slim ဖြစ်လိုသူ အမျိုးသား အမျိုးသမီးတိုင်း Réal Slimကို သောက်သုံးနိုင်ပါတယ်။ ရေရှည် ကိုယ်အလေးချိန် အမြဲထိန်းထားလိုသူတိုင်းကို အကျိုးပြုပါလိမ့်မယ်။ အဝလွန်သူများ ကိုယ်အလေးချိန်ချရန် အနုပညာရှင်များ သရုပ်ဆောင် မော်ဒယ်များ အားကစားသမားများ လှပတင့်တယ်တဲ့ ကိုယ်ကာယကို အမြဲထိန်းထားနိုင်ဖို့ သောက်သုံး နိုင်ပါတယ်။
ကိုယ်အလေးချိန်ထိန်းညှိဖို့ အဓိကသော့ချက်ကလူတဦးချင်းရဲ့သက်မှတ်ထားတဲ့ ကိုယ်အလေးချိန် အရပ် အချိုးအစား BMI body mass index ဘောင်အတွင်း ရှိနေဘို့ပါဘဲ။ Réal Slim မော်ဒယ်များ Réal Slim ကျွမ်းကျင် သူများ၊ Réal Slim weight loss clinic ၊ Réal Slim အရောင်းဆိုင်များက သင့်ရဲ့ရှိသင့်တဲ့ ကိုယ်အလေးချိန်အတွင်း ရှိနေအောင် ကူညီ လမ်းညွှန်မှု ပေးပါလိမ့်မယ်။ Réal Slim ကျွမ်းကျင်သူများနဲ့ ဆွေးနွေးရန် ဖုံးနံပါတ် 09780073975 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ Body mass index BMIဆိုတာ ကိုယ်အလေးချိန် အချိုးအစား ကိုဖေါ်ပြတဲ့ ဆေးဘက်ဆိုင်ရာ တွက်ချက်ချက်မှုတစ်ခု ဖြစ်ပါတယ်။ ကိုယ်အလေးချိန် ချမယ်ဆိုရင် အစပိုင်းမှာ ကိုယ်အလေးချိန်ရဲ့ ၅ ရာခိုင်နှုံး မှ ၁၀ ရာခိုင်နှုံးလောက် လျော့ချနိုင်ဖို့ အကြံပေး လိုပါတယ်။ အဲဒီလို လျော့ချနိုင်ပြီး နောက်ပိုင်းမှာတော့ ရေကူးဝတ်စုံလိုမျိုး မိမိတို့ ကိုယ်ခန္ဓာ အလှကို ပေါ်လွင်စေမဲ့ အဝတ်အစား များဝတ်ဆင်ပြီး သွယ်လျကျစ်လစ် လှပသော ကမ်းခြေ ကိုယ်ခန္ဓာကိုယ်အလှကို ပိုင်ဆိုင်လိုက်ပါ။
ဇီဝလောင်ကျွမ်းမှု ကိုယ်လက်လှုပ်ရှားမှု အလုပ်အကိုင် အစားအသောက်ပုံစံ တစ်ယောက်နဲ့တစ်ယောက် မတူညီတာကြောင့် Réal Slim သောက်ရင် ကိုယ်အလေးချိန် ဘယ်နှပေါင်ကျမလဲဆိုတာလည်း တစ်ဦးချင်း ကွာ ခြားမှု အနည်းငယ် ရှိနိုင်ပါတယ်။ ပျမ်းမျှအားဖြင့် ၁၀ ရက်စာ Réal Slim Program ဟာ ၃ ပေါင် မှ ၇ ပေါင် ထိကျနိုင်ပြီး ၇ ရက်စာ Réal Slim Program ဟာ
၂ ပေါင် မှ ၅ ပေါင် ထိကျနိုင်ပါတယ်။ တစ်ပတ်ကို အနည်းဆုံးကိုယ်အလေးချိန် ၁ ပေါင်မှ ၂ ပေါင် ချနိုင်ခြင်းဟာ လူတစ်ယောက် အတွက် အန္တရာယ်ကင်းပြီး ခံနိုင်ရည်ရှိပါတယ်။
တစ်နေ့တာ စားနေတဲ့ပုံမှန် ၂ နပ်စာကို Réal Slim နဲ့ အစားထိုး သောက်သုံးမယ်ဆိုရင် ကယ်လိုရီ လိုအပ်ချက်များစွာ လျော့ချနိုင်လို့ ကိုယ်အလေးချိန်လည်း ပိုလို့လျော့ကျနိုင်ပါတယ်။ တစ်နေ့ကို တစ်ကြိမ် ထမင်းတစ်နပ်စာ အစားထိုး သုံးစွဲမယ်ဆိုရင်တောင် ကယ်လိုရီ လိုအပ်ချက် အတော်တန် လျှော့ချနိုင် ပါသေးတယ်။ အရေးကြီးတာက Réal Slimသုံးစွဲနေတဲ့ကာလမှာ တစ်နေ့ကို အနည်းဆုံး ပုံမှန်အစာ တနပ်စာစားပြီး ရေ ၂လီတာ သောက်သုံးရန်ဖြစ်ပါတယ်။
ရေကိုပိုသောက်ပါ အသီးအနှံများကို Real Slimဖျော်ရည်ထဲ ထဲ့ဖျော်သုံးဆောင်ပါ။ အစာ ၂ နပ်စာ ကြား ဆာလောင်တဲ့အချိန်မှာ Réal Slim တခွက်သောက်သုံးနိုင်ပါတယ်။ ကျန်းမာရေး နဲ့ညီညွတ်တဲ့ အစေ့ အလှော် များလည်း အစာပြေစားသုံးနိုင်ပါတယ်။
Réal Slim ဟာ လူကြီးများကိုယ်အလေးချိန် ထိန်းချုပ်ဖို့ သဘာဝပစ္စည်းများပါဝင်ပြီး အန္တရာယ်ကင်းသော်လည်း အသက် ၁၈ နှစ်အောက် ကလေးများသောက်သုံးရန်အတွက်မဟုတ်ပါဘူး။ ဒီအရွယ်ဟာ ဖွံ့ဖြိုးတဲ့ အရွယ်ဖြစ်လို့ ပုံမှန်အဟာရပြည့်ဝတဲ့ အစားအသောက်များကို များများစားသုံးပြီး ကြီးထွားစေသင့်ပါတယ်။
သွေးတိုးရောဂါရှိသူများဟာ ရောဂါလက္ခဏာမပြရင်တောင်မှ တစ်ချိန်ချိန်မှာ အသက်အန္တရာယ်ဖြစ်နိုင်တဲ့ရောဂါများ အချိန်မရွေး ခံစားရနိုင်ပါတယ်။ သွေးတိုးရောဂါရှိတဲ့နှလုံးဟာ ပင်ပန်းစွာညှစ်ထုတ်အလုပ်လုပ်ရလို့ကာလကြာရှည်လာတာနဲ့အမျှ နှလုံးနဲ့ သွေးကြောများ ပျက်စီးလာပါတယ်။ နှလုံးနဲ့သွေးကြောရောဂါများ လေဖြတ်ခြင်း နှလုံးသွေးကြောပိတ်ခြင်း တို့ဖြစ်တတ်ပါတယ်။ အဝလွန်ခြင်းဟာသွေးတိုးရောဂါ ဖြစ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါ။ Réal Slim ကို သောက်လို့အဝလွန်ခြင်းကို လျော့ချရင် ကိုယ်အလေးချိန်ကျလာတာနဲ့အမျှ သွေးပေါင်ချိန်လည်း အထိုက်အလျောက် လျော့ကျ လာမှာဖြစ်ပါတယ်။
မှတ်ချက်။ ။ Réal Slim ကိုသောက်သုံးတဲ့သွေးတိုးရောဂါရှိသူများအနေနဲ့ ပုံမှန်သွေးပေါင်ချိန်စစ်ဆေးပြီး သွေးပေါင်ကျ ဆေးများ ကိုထိန်းညှိသောက်သုံးဖို့ လိုပါလိမ့်မယ်။ သင့်ရဲ့ ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးဖို့ အကြံပေးလိုပါတယ်။
ကိုယ်အလေးချိန် လျှင်မြန်စွာ လျှော့ချခြင်းဟာ နှလုံးရဲ့ အခြေအနေပေါ်သက်ရောက်မှုရှိနိုင်ပါတယ်။ ဒါကြောင့် နှလုံးရောဂါအခံ ရှိသူများ Réal Slim ကိုသုံးစွဲရင် သက်ဆိုင်ရာ နှလုံးအထူးကုဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးဖို့ အကြံပေးလိုပါတယ်။
အမှတ် ၂ ဆီးချိုရောဂါဆိုသည်မှာ ကိုယ်တွင်းအင်ဆူလင်ထွက်ရှိမှုမလုံလောက်ခြင်း သို့မဟုတ် ခန္ဓာကိုယ်မှ အင်ဆူလင်ကို တုံ့ပြန်မှု မကောင်းခြင်းကြောင့် သွေးအချိုမြင့်တက်ခြင်း ဖြစ်ပါတယ်။ လူကြီးများမှာ ဖြစ်တတ်ပြီး ဆီးချိုရောဂါသည်များရဲ့ ၉၅ ရာခိုင်နှုံးရှိပါတယ်။ ဒါဟာ နေထိုင်မှုဘဝပုံစံ အစားအသောက် အဝလွန်ခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။ Réal Slim သောက်လို့ ကိုယ်အလေးချိန် ကျလာတာနဲ့အမျှ ဆီးချိုဝေဒနာလည်း လျော့ကျသက်သာလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် သွေးထဲက အချိုဓါတ်ကို စစ်ဆေးပြီး မိမိတို့ ပုံမှန်သောက်နေတဲ့ဆီးချိုဆေးများကို ချိန်ဆဖို့လိုလာမယ်ဖြစ်ပါတယ်။ သင့်ရဲ့ ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးဖို့ အကြံပေးလိုပါတယ်။
၁။ အူက နွားနို့မှာပါတဲ့ lactose လက်တို့စ်ဓါတ်ကို ခံနိုင်ရည်မရှိသူများ မသောက်သုံးရပါဘူး။ Réal Slimမှာ အဆီ ထုတ်ထားတဲ့ နွားနို့မှုန့်လည်းပါဝင်ဖေါ်စပ်ထားပါတယ်။
၂။ ကိုယ်ဝန်ဆောင်မိခင် နို့တိုက်မိခင်များ ဟာ မိမိတို့ရင်သွေးအတွက်ပါ ကယ်လိုရီ နှစ်ယောက်စာ စားသုံးသင့်တာကြောင့် ကယ်လိုရီလျော့ချထားတဲ့ Réal Slimကို မသုံးစွဲသင့်ပါဘူး။
၃။ Irritable Bowel Syndrome ခေါ်အကြောင်းအမျိုးမျိုးကြောင့်မကြာခဏဝမ်းသွားသူများအတွက် အစားသောက်ပုံစံ ပြောင်းလဲမှုဖြစ်တဲ့ Réal Slim ကိုမသောက်သုံးသင့်ပါဘူး။
၄။ ပရိုတိန်းများစွာ စားသုံးခြင်းဟာ ကျောက်ကပ်ကိုဝန်များစေပါတယ်။ ဒါကြောင့် ကျောက်ကပ်ရောဂါရှိသူများ ပရိုတိန်းများတဲ့ Réal Slim ကိုသောက်မယ်ဆိုသက်ဆိုင်ရာ ဆရာဝန်ရဲ့ကြီးကြပ်မှုခံယူသင့်ပါတယ်။
၅။ ပရိုတိန်းများများစားခြင်းဟာ အစာခြေရည် နဲ့ အက်ဆစ်ကိုပိုမိုထွက်စေပါတယ်။ ဒါကြောင့် အစာအိမ်အနာရှိသူများ Réal Slim ကိုသတိပြုသင့်ပါတယ်။
၆။ ပရိုတိန်းများဟာကိုယ်တွင်းမှာ ယူရစ်အက်ဆစ် Uric Acid ကိုပိုထွက်စေပါတယ်။ ထွက်လာတဲ့ယူရစ်အက်ဆစ်ကို ကျောက်ကပ်ကပြင်ပသို့စွန့်ထုတ်ရပါတယ်။ အဝလွန်လို့ Réal Slim သောက်ပြီးကိုယ်အလေးချိန်လျော့ရင် ယူရစ်အက်ဆစ် ပိုထွက်လာနိုင်တာကြောင့် ပုံမှန်ထက် Uric Acid များနေတဲ့ Gout ဂေါက်အဆစ်ရောင်ရောဂါရှိသူများ ရောဂါပိုဆိုး လာနိုင်ပါတယ်။
Réal Slim ရဲ့ Victoria’s Gorgeous Formula Smoothie ဟာ ဆိုးကျိုးမရှိသလောက်နည်းတဲ့ Collagen၊ Whey Protein နဲ့ ဗီတာမင်စီ အပေါ်မှာ အခြေခံထုတ်လုပ်ထားတာပါ။ ဒါပေမဲ့ ကျောက်ကပ်ရောဂါရှိသူတွေကတော့ ပရိုတင်းဓာတ်မြင့်မားစွာ မသုံးစွဲသင့်တဲ့အတွက် အသုံးမပြုခင်မှာ ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Réal Slim Victoria’s Gorgeous Formula Smoothie ကို ဩစတြေးလျနိုင်ငံမှာ ထုတ်လုပ်ထားပါတယ်။
Whey Protein နဲ့ နို့မှုန့်ကိုတော့ သြစတြေးယားနိုင်ငံမှ ရတာ ဖြစ်ပြီး Collagen ကိုတော့ USA မှတင်သွင်းတာပါ။
နေရောင်နဲ့တိုက်ရိုက်မထိတွေ့စေဘဲ စိုစွတ်မှုမရှိ အေးမြခြောက်သွေ့တဲ့နေရာမှာ ထားပါ။
တရားဝင်အရောင်းဆိုင်များ
https://www.facebook.com/RealSlimAustralia
ဒီလင့်တွေက တစ်ဆင့် စုံစမ်းဝယ်ယူရရှိနိုင်ပါတယ်။
Collagen ဖြည့်စွက်စာကို သောက်သုံးဖို့အချိန်ကတော့ ဘာရည်ရွယ်ချက်နဲ့ သောက်သုံးတာလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ တစ်နေ့လုံး တက်ကြွလန်းဆန်းနေချင်ရင် မနက်ခင်းမှာ သောက်ပါ။ ညဖက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ချင်တာဆိုရင်တော့ ညဖက်မှာ နို့တစ်ဖန်ခွက်နဲ့ အတူရောသောက်ပါ။ အားကစားသမားတွေအတွက်ဆိုရင်တော့… တစ်နာရီကြာ အားကစားလုပ်တတ်သူတွေအတွက် အားကစားမလုပ်ခင်မှာ သောက်သုံးထားခြင်းက အားအင်တွေကို တိုးမြင့်စေပြီး အချိန်တော်တော်ကြာအောင် အားကစားလုပ်နိုင်အောင် ကူညီပေးမှာပါ။ လေ့ကျင့်ခန်းလုပ်အပြီး နာရီဝက်အတွင်း တစ်ခွက်သောက်သုံးတာကတော့ ကြွက်သားတွေ ပြန်လည်ပြုပြင်မှုနဲ့ ကြီးထွားမှုတွေမှာ ကူညီပေးနိုင်မှာပါ။
Collagen ကို (၄၅ဝဝ) မီလီဂရမ်၊ Whey Protein အဆီအနှစ်ကို (၁၅) ဂရမ်၊ ဗီတာမင်စီကို (၂ဝ) မီလီဂရမ်စီ သောက်သုံးသင့်ပါတယ်။
တစ်နေ့ကို တစ်ကြိမ်မှ နှစ်ကြိမ်အထိ သောက်သုံးခြင်းက အကောင်းဆုံးအကျိုးသက်ရောက်မှုကို ဆောင်ယူပေးနိုင်မှာပါ။
အသားအရေ၊ ဆံပင်၊ ကြွက်သား၊ အဆစ်အမြစ်ကျန်းမာရေးကောင်းစေတာမို့ အမျိုးသားတွေလည်း အသုံးပြုသင့်ပါတယ်။
Réal Slim ရဲ့ Victoria’s Gorgeous Formula Smoothie ဟာ တိရိစ္ဆာန်တွေမှရတဲ့ သန့်စင်ထားတဲ့ Hydrolysed Collagen အမျိုးအစားပဲဖြစ်ပါတယ်။ ဒီ Collagen မှာ ကြွက်သားတည်ဆောက်ခြင်းကို ကူညီပေးရာမှာ အရေးကြီးတဲ့ proline နဲ့ blycine တွေ အမြောက်အများပါဝင်ပါတယ်။ Collagen မှာ Type 1 နဲ့ Type 3 Collagen ဆိုပြီး နှစ်မျိုးရှိပြီးတော့ ခန္ဓာကိုယ်ကြီးထွားမှု၊ အသားအရေ၊ အရိုး၊ အရိုးနု၊ အရွတ် ပြန်လည်ပြုပြင်မှုတွေ လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒီ Collagen နှစ်မျိုးဟာ အူကျန်းမာရေးမှာ အရေးကြီးဆုံး အခန်းကဏ္ဍမှာ ပါဝင်တာကြောင့် အူတွေထဲမှာ တွေ့နိုင်ပါတယ်။Hydrolysed collagen ဟာ အလွန်သေးငယ်တဲ့ ပရိုတင်းဖြစ်တာကြောင့် ခန္ဓာကိုယ်ထဲမှာ အရမ်းပျော်ဝင်နိုင်ပါတယ်။
- Molecular Cell Biology. 4th edition.
(Lodish H, Berk A, Zipursky SL, et al.
New York: W. H. Freeman; 2000.) - Alfonso E Bello et al. Curr Med Res Opin. 2006 Nov
- Jérome Asserin et al. J Cosmet Dermatol. 2015 Dec.
- Ruta Ganceviciene, Aikaterini I. Liakou, [...], and Christos C. Zouboulis
- E Proksch et al. Skin Pharmacol Physiol. 2014.
- Maryam Borumand and Sara Sibilla
- Kristine L Clark et al. Curr Med Res Opin. 2008 May
- Alexander G Schauss et al. J Agric Food Chem. 2012.
- R W Moskowitz. Semin Arthritis Rheum. 2000 Oct
- S Viguet-Carrin et al. Osteoporos Int. 2006
- Matthew T Drake et al. Clin Ther. 2015 Aug.
- Marcus L Elam et al. J Med Food. 2015 Mar
- Daniel König, Steffen Oesser, [...], and Albert Gollhofer
- Charles A Cefalu. Curr Med Res Opin. 2004 Mar
- Allison R. Gillies, B.S and Richard L. Lieber, Ph.D
- Denise Zdzieblik, Steffen Oesser, [...], and Daniel König
- Naohisa Tomosugi, Shoko Yamamoto, [...], and Yasuo Sakai
- Y Boirie et al. Proc Natl Acad Sci U S A. 1997.
- Douglas Paddon-Jones et al. Curr Opin Clin Nutr Metab Care. 2009 Jan.
- Scot R Kimball et al. J Nutr. 2006 Jan.
- Douglas Paddon-Jones et al. Curr Opin Clin Nutr Metab Care. 2009 Jan.
- Jason E Tang et al. J Appl Physiol (1985). 2009 Sep.
- Bart Pennings et al. Am J Clin Nutr. 2011 May.
- Douglas Paddon-Jones et al. Am J Clin Nutr. 2008 May.
- S Pal et al. Eur J Clin Nutr. 2014 Sep.
- Margriet A B Veldhorst et al. Physiol Behav. 2009.
- M S Westerterp-Plantenga et al. Annu Rev Nutr. 2009.
- Carol S Johnston et al. J Am Coll Nutr. 2002 Feb.
- Joy L Frestedt et al. Nutr Metab (Lond). 2008
- Sebely Pal et al. Obesity (Silver Spring). 2010 Jul.
- Line Q Bendtsen et al. Br J Nutr. 2014.
- David J Baer et al. J Nutr. 2011 Aug.